/

Generation Wave

 Generation Wave (မျိုးဆက်လှိုင်)

  စတင်တည်ထောင်ခြင်းအကျဉ်း

         

 ၂၀၀၇-ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံမြို့ကြီးများတွင် ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းသည် ကြွေးကျော်သံများနှင့် ရဲဝင့်စွာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြခဲ့ကြပါသည်။ ထိုဆန္ဒပြသူများထဲတွင် လူငယ်လေးဦးသည်လည်း မိမိတို့ နီးစပ်ရာ အစုအဖွဲ့များဖြင့် ချီတက်ဆန္ဒပြခဲ့ကြပါသည်။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးဟု ကမ္ဘာကျော်ခဲ့သည့် တော်လှန်ရေးကြီးအား စစ်အုပ်စု၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ပြိုကွဲခဲ့ရပြီး ရဟန်းရှင်လူ ကျောင်းသား ပြည်သူများသည်လည်း အသက်များစွာ စတေးခဲ့ရပြီး သွေးမြေကျခဲ့ရသည်။ အာဏာသိမ်း စစ်အုပ်စုသည် ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲပြီး ပြည်သူတို့၏ ဆန္ဒကိုမျက်ကွယ်ပြုကာ အာဏာကို ဆက်လက်ချုပ်ကိုင်လျက် တရားလက်လွတ်ဖိနှိပ်ခဲ့ကြပါသည်။

          စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ပါဝင်ခဲ့ကြသော ထိုလူငယ်လေးဦးသည် နှစ်ပေါင်း ( ၂၀ ) ကျော်အုပ်ချုပ်နေသည့် အာဏာရှင်ကျဆုံးရေး၊ ဒီမိုကရေစီရေးအတွက် မိမိတို့အပေါ်၌ တာဝန်ကျရောက်လာပြီဟု ခံယူခဲ့ကြသည်။

          ထိုလူငယ်လေးဦးဖြစ်သော ဇေယျာသော် ( ခ ) ဖြိုးဇေယျာသော်၊ အောင်ဇေဖြိုး၊ မိုဃ်းသွေး၊ မင်းရန်နိုင်တို့သည် ( ၁၉၉၆-၁၉၉၈ ) ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြသည်။

          ၂၀၀၇-ခုနှစ်၊ စက်တင်ဘာလ၊ ရွှေဝါရောင်တော်လှန်ရေးကြီး အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ၎င်းတို့အချင်းချင်း ပြန်လည်ဆက်သွယ်ကာ မိမိတို့၏ ခံစားချက်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ၂၀၀၇-ခုနှစ်၊ အောက်တိုဘာ ( ၉ ) ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စု ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေးအတွက် Generation Wave ( မျိုးဆက်လှိုင်း ) ကိုတည်ထောင်ဖွဲ့စည်းလိုက်ကြခြင်း ဖြစ်ပေသည်။

 

Services

http://gw.peacehelpdesk.org/sites/default/files/styles/services/public/Objectives%20copy_0.png?itok=vDA__e2t
http://gw.peacehelpdesk.org/sites/default/files/styles/services/public/GW%20Profile%20Photo1_0.jpg?itok=rTUI2sQn
http://gw.peacehelpdesk.org/sites/default/files/styles/services/public/demo-pic%20%281%29.jpg?itok=F-AM2a85
http://gw.peacehelpdesk.org/sites/default/files/styles/services/public/DSC_3142_MorgueFile.jpg?itok=8s_yMbzv